ကိုယ်ဝန်ဆောင်များအတွက် လွယ်ကူသက်သာ ယောဂလေ့ကျင့်ခန်း

အကြောလျှော့



၁။ ဖျာပေါ် သို့မဟုတ် ဂွမ်းကပ်ပျော့ပေါ်မှာ ပုံမှာပြထားသလို ခြေထောက်တွေကို ညာတစ်ဖက်ထဲဆီ ကွေးပြီး ထိုင်ပါ..
၂။ အသက်ရှူသွင်းလိုက်ပြီး တပြိုင်ထဲမှာ လက်နှစ်ဖက် လက်ချောင်းတွေကို ယှက်လိုက်ပြီး ခေါင်းပေါ်ကို မြှောက်တင်လိုက်ပါ.. လက်မောင်းများက နားရွက်ဘေးကပ်မှာ ရောက်သွားပါစေ..
၃။ အသက်ကို ဖြည်းဖြည်းချင်း ရှုထုတ်နေပြီး တပြိုင်ထဲမှာ လက်တွေနဲ့ ကိုယ်ခန္ဓာကို ညာဘက်ကို စောင်းလိုက်ပါ.. ခါးမတ်ထားပါ ခါးမကိုင်းပါနဲ့ ကျောပြင်နဲ့ လက်တွေကိုပဲ အားပြုပြီး စောင်းပါ..
၎။ ၅ စက္ကန့်ကနေ ၁၀ စက္ကန့်လောက် အဲဒီအတိုင်း ခဏနေပြီး အသက်ပြင်းပြင်းရှူ၊ ပြန်ထုတ်လိုက်ပါ..
၅။ နောက်တစ်ခါ အသက်ရှူသွင်းလိုက်ပြီး မူလအတည့်အနေအထားကို ဖြည်းဖြည်းချင်း ပြန်သွားလိုက်ပါ.. လက်တွေကို ပြန်ချပါ.. ပုံမှန်အသက်ရှူနေရင်း စက္ကန့်တစ်ခုစာလောက် နားလိုက်ပါ..
၆။ ညာဘက်ကို ၅ ခါလောက် ဒီအတိုင်း လုပ်ပြီးရင် ဘယ်ဘက်ကို ခြေထောက်တွေကို ပြောင်းကွေးပြီး ဘယ်ဘက်ကိုလည်း ၅ ခါလောက် အပေါ်က အဆင့် ၁-၅ ကိုပြန်လုပ်လိုက်ပါ..

အကျိုးကျေးဇူး -- ကိုယ်ခန္ဓာရဲ့ ဘေးဘက်နဲ့ ဗိုက်ကိုထိန်းထားတဲ့ ဗိုက်တဝိုက်မှာရှိတဲ့ ကြွက်သားတွေပြေလျော့စေပါတယ်.. အစာကြေစေပါတယ်.. မွေးဖွားချိန်မှာ ခါးရိုးပျော့ပြောင်း အလိုက်သင့်ရှိဖို့ အထောက်ကူပေးပါတယ်..


Cat and Dog အနေအထား


နာမည်ကတော့ ရယ်ရတယ်.. ပထမဆုံး Dog Position ကို ပြောပါမယ်..


၁။ လေးဘက်ထောက်လိုက်ပါ.. ထောက်တဲ့အချိန်မှာ လက်နှစ်ဖက်က အတွင်းဝင်နေတာ အပြင်ကားနေတာမျိုး မဟုတ်ဘဲ ပုခုံးနဲ့ တစ်တန်းထဲ ဖြောင့်ဖြောင့်ရှိနေပြီးတော့ ခြေနှစ်ဖက်ကလည်း ပူးထားတာ ကားထားတာမျိုး မရှိဘဲ ကိုယ့်တင်ပါးဆုံအနေအထားအတိုင်း တည့်တည့်ရှိနေရပါမယ်..
၂။ ကျောကို ဆန့်ဆန့်ထားပါ.. မျက်နှာကို ရှေ့တည့်တည့်ကြည့်ထားပါ..
၃။ အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး ရှူနေတုန်း တပြိုင်ထဲမှာ ခါးကိုကော့လိုက်ပါ.. ဒါဆို ဗိုက်ဟာ ကြမ်းပြင်ဘက်ကိုစိုက်သွားရပါမယ်..
၃။ မျက်နှာကို အသာလေးမော့လိုက်ပါ.. တအားကြီး ဆတ်ခနဲ လည်ပင်းကိုလှန်လိုက်တာမျိုးမဟုတ်ဘဲ အလိုက်သင့်ကလေး အသက်ရှူသွင်းနေရင်း ခပ်ဖြည်းဖြည်း မျက်နှာကိုမော့လိုက်တာမျိုးပါ..

အဲ့ဒီအထိရပြီဆိုရင် Cat Position ကိုဆက်လုပ်ရပါမယ်..



၎။ ခုနက ခါးကော့ ဗိုက်အောက်စိုက် ခေါင်းမော့အနေအထားမှာ အသက်ရှူသွင်းထားရာကနေပြီးတော့ အသက်ကိုပြန်ရှူထုတ်ရမှာပါ..
၅။ ခပ်ဖြည်းဖြည်းရှူထုတ်နေစဉ် တပြိုင်နက်မှာပဲ ခါးကိုဆန့်ထုတ်လိုက်ပါ.. ပုံထဲကလို ခပ်ကုန်းကုန်း ဖြစ်သွားပါမယ်..
၆။ ကိုယ့်တင်ပါးက အကြောတွေကို ခပ်တင်းတင်းဖြစ်တဲ့ထိ ခါးကို ကုန်းလိုက်ပါ..
၇။ တပြိုင်နက်မှာပဲ ခေါင်းကို လက်မောင်းအတွင်းထဲကိုရောက်အောင် တဖြည်းဖြည်းချင်း ငုံ့ပေးရပါမယ်.. ဇက်ကြောတွေ တင်းသွားတဲ့ထိ ငုံ့ပေးနိုင်ပါတယ်..

နောက်တော့ အသက်ပြန်ရှူရင် တစ်ခါ dog position ကိုပြန်လုပ်ရပါမယ်.. အဲ့ဒါကို ကိုယ်အဆင်ပြေသလို ၅ ခါကနေ ၁၀ ခါထိ လုပ်ပေးနိုင်ပါတယ်..

အကျိုးကျေးဇူး -- ဒီ Dog and Cat အသက်ရှူသွင်းရှူထုတ်လေ့ကျင့်ခန်းလုပ်ခြင်းအားဖြင့် ခါးရိုးအောက်ပိုင်း တင်ပါးနား အကြောတွေကို သန်မာစေပါတယ်.. ခါးကျောတွေ လျော့စေပါတယ်.. သွေးလည်ပတ်အားကောင်းစေပါတယ်.. ကိုယ်ဝန်ဆောင်သည်တွေ ဒီလေ့ကျင့်ခန်းကို မနက်တစ်ခါ ညနေတစ်ခါလုပ်ပေးခြင်းအားဖြင့် စိတ်ဖိစီးမှုလည်းလျော့ပြီး ကိုယ်ဝန်အလေးချိန်ကြောင့် ခါးနာတာတွေ အကြောတက်တာတွေကိုလည်း သက်သာစေပါတယ်.. မွေးဖွားရာမှာ လွယ်ကူဖို့လည်း သူက အထောက်အကူပြုပါတယ်..

လွယ်ကူသက်သာ အချိန်မကုန်တဲ့ လေ့ကျင်းခန်းလေးတွေလုပ်ရင်း ကိုယ်ဝန်ဆောင်ချိန်မှာ နေထိုင်လို့ကောင်းပြီး မွေးဖွားချိန်မှာလည်း လွယ်ကူကြပါစေလို့ ဆုတောင်းပေးပါတယ်.. 

No comments:

your comment please

Powered by Blogger.